Bethesda ကထုတ်တဲ့ Game တွေမှာ Cheat လုပ်ဖို့ရင် တခြား program တွေဒေါင်းစရာမလိုပဲ Developer Console Command တွေပေးထားပါတယ်။ အဲ့ဒါတွေကို အသုံးပြုပြီး ဂိမ်းကိုလွယ်ကူအောင် ကစားနိုင်မှာဖြစ်ပါတယ်။
~ (Tide key ဆိုတဲ့ Tab ရဲ့အပေါ်က လှိုင်းပုံလေး) ကိုနိုပ်ပြီး Command တွေရိုက်ထည့်နိုင်ပါတယ်။
အောက်ကဇယားမှာတော့ အသုံးအများဆုံး Command တွေဖြစ်ပါတယ်
| TGM | God Mode on / off လုပ်တာပါ (stamina / magicka တွေမကုန်တော့ပါ) |
| TCL | clipping on / off (လေပေါ်ပျံ ပြီး နံရံတွေဖောက်သွားလို့ရပါမယ်) |
| tmm (Toggle Map Marker) | မြေပုံပေါ်က စခန်းတွေအားလုံးကိုပြပေးတာပါ။ ဥပမာ။ tmm 1,0,1 1 = ဖွင့်မယ် ( 0 ဆိုရင် ပိတ်မယ်)0 = Fast Travel လုပ်လို့မရဖူး ( 1 ဆိုရင်ရမယ်)1 = စခန်းအားလုံးပြမယ် (0 ဆိုမပြဖူး) |
| TDetect | AI Detection မဖြစ်အောင် မသိအောင် လုပ်လို့ရပါတယ် (ဒါပေမယ့် pickpocketing လုပ်နေချိန်မရပါဖူး) |
| TAI | AI (မတိုက်ခိုက်နိုင်) တွေ ကို ရပ်အောင် on / off လုပ်တာပါ |
| TCAI | AI တွေ ကိုယ့်ကို မတိုက်ခိုက်အောင် on / off လုပ်တာပါ |
| ModAV carryweight [#] | carry weight ကိုပြောင်းလဲနိုင်ပါတယ် |
| Player.AddItem [item ID] [#] | ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို Item code နဲ့ရယူနိုင်ပါမယ်။ ဥပမာ။ player.additem f 100 ဆို ရွှေဒင်္ဂါး100 ရမှာပါ items ID တွေကို ဒီမှာ ကြည့်လို့ရပါတယ်။ |
| Player.SetLevel [#] | Player Level ကိုပြောင်းလဲပေးမှာပါ |
| Player.AddPerk [perk ID] | ကိုယ်လိုချင်တဲ့ perk ကိုရယူနိုင်ပါတယ်။ |
Command အသေးစိတ်တွေကိုတော့ ဒီလင့် မှာလေ့လာနိုင်ပါတယ်။
အဆင်မပြေတာတွေရှိရင်လဲ Let’s Play Games Facebook Page ကဆက်သွယ်မေးမြန်းနိုင်ပါတယ်။